Friday, 2 September 2016

မီးဖိုချောင်သုံး ဓါးများအကြောင်း




မီးဖိုချောင်ထဲမှာ အရေးကြီးတဲ့ အရာတွေထဲမှာ ဓါးလည်း ပါပါတယ်။ ဓါးတွေကို နေ့တိုင်း အသုံးပြုနေပေမယ့် ဘယ်နေရာတွေမှာ ဘယ်လို သုံးတယ်ဆိုတာ သတိမပြုမိတတ်ပါဘူး။ ဓါး ၄မျိုး အကြောင်း အရင်ဆုံး ပြောပြချင်ပါတယ်။ အခေါ်အဝေါ်တွေက အင်္ဂလိပ်လိုဖြစ်နေပေမယ့် ဓါးပုံတွေကို ကြည့်ပြီး ဘယ်လို ပုံစံမျိုးဆိုတာ သိနိုင်ပါတယ်။


၁။ chef’s knife
============
အသုံးပြုပုံ – စားဖိုမှူးတွေရဲ့ ဓါးလို့ ဘာလို့ဆိုလဲ ဆိုတော့ နေ့စဉ်မီးဖိုချောင်ရဲ့ ၉၀% လောက်ကို ဒီ ဓါးနဲ့ပဲ အသုံးပြုတာမို့ပါ။ အများဆုံးကတော့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်၊ အသားနဲ့ ငါးတွေကို လွှာဖို့ အတွက် သုံးပါတယ်။

အသုံးမပြုရန် – ကြက်၊ ဘဲ၊ ငှက်တွေကို လှီးဖြတ်တုံးတစ်ဖို့ အသုံးမပြုသင့်ပါဘူး။ အသီးတွေရဲ့ အခွံမာတွေကို နွှာဖို့လည်းမသုံးသင့်ပါဘူး နွှာရတာ ပိုပင်ပန်းပါလိမ့်မယ်။

၂။ Paring Knife
============
အသုံးပြုပုံ – နုပ်နုပ်စဉ်းဖို့နဲ့ အလွှာလိုက်လှီးဖြတ်ရာမှာ သုံးပါတယ်။ ၈” ၁၀” အရွယ်ကို သေးငယ်ဖို့ လုပ်တဲ့ အခါမှာ သုံးပါတယ် ဥပမာ ကြက်သွန်ဖြူ၊ စတော်ဘယ်ရီ ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အသွားဟာ ၃လက်မခွဲ ရှည်တဲ့ အတွက် ဘယ်အစားအစာမဆို အသေးဆုံးထိ ပြုလုပ်ချင်ရင်တော့ သုံးပါ။

အသုံးမပြုရန် – အရမ်းမာတဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ မလှီးဖြတ်ပါနဲ့ ဥပမာ မုန်လာဥနီလိုမျိုးတွေပါ။ ဘာလို့လဲဆိုတော့ အသီးမာတွေကို လှီးရင် ချော်ထွက်တတ်လို့ပါ။

၃။ လွှသွားပုံဓါး
===========
အသုံးပြုပုံ – အများဆုံး ပေါင်မုန့်တွေကို လှီးတတ်ကြပါတယ်။ တချို့က ပေါင်မုန့်လှီးတဲ့ဓါးလို့လည်း ခေါ်တတ်ကြပါတယ်။ အသွားဟာ ၆လက်မ အထူ ရှိတဲ့ အတွက် မျက်နှာပြင်ချောနေတဲ့ အသီးအနှံတွေကို လှီးရာမှာ ပိုသင့်တော်ပါတယ်။ ဥပမာ ဖရဲသီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ လိမ္မော်၊ ရှောက်သီး ..

အသုံးမပြုရန် – ပုံစံကို ကြည့်တာနဲ့ သိမယ့် အချက်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြုတို့ကိုတော့ မလှီးဖို့ သတိထားပါ။

၎။ Boning Knife
=============
အသုံးပြုပုံ – အထက်ဆုံး ဓါးလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့် အရိုးဖယ်တဲ့ အခါတွေမှာ သုံးဖို့ကောင်းပါတယ်။ ၃လက်မလောက် ထူတဲ့ ငါးပါးနီတွေကို အရိုးနွှာဖို့ဖြစ်ဖြစ် ၀က်သားတုံးတွေကို အရိုးထုတ်တဲ့ အခါတွေမှာ သင့်တော်ပါတယ်။ အရိုးတစ်ဝိုက် အသားတွေကို လှီးဖြတ်ထုတ်တဲ့ နေရာမှာ အသုံးပြုပါ။

အသုံးမပြုရန် – အရိုးတွေ နွှာဖို့ အတွက်ပဲ သုံးတာ သင့်တော်ပါတယ်။ အရိုးတွေကို ခုတ်ထစ်ဖို့တော့ မသုံးပါနဲ့။

Credit – www.epicurious.com

Share:

0 comments:

Post a Comment

Image
Image
Image
Copyright © FOODCLUB13 Design by H.M