"Boxing Chicken"
**********************
ပါဝင်ပစ္စည်း
************
ကြက်တောင်ပံအရင်း ၁၀ခု
ငရုတ်ကောင်းမှုန့် အနည်းငယ်
ကြက်ဥ ၁လုံး
ဂျုံမှုန့် စားပွဲတင်ဇွန်း၇ဇွန်း
ပေါင်မုန့်ခြောက်မှုန့် စားပွဲတင်ဇွန်း၁၀ဇွန်း
ဆီ ၁၀ကျပ်သား
ပြုလုပ်နည်း
*************
ကြက်တောင်ပံ(Chicken Drumettes)လေးများကိုအောက်အရိုးနားမှစ၍အကြောများကိုဓားချွန်ဖြင့်ဖြတ်ကာအသားများကိုအပေါ်ဖက်သို့လုံးတင်ပါ။
ထို့နောက်ငရုတ်ကောင်းမှုန့်အနည်းငယ် ဆားအနည်းငယ်တို့ဖြင့်နယ်ထားပါ။
ထိုကြက်တောင်ပံအလုံးလေးများကိုဂျုံမှုန့်နှင့်လူးကာခလောက်ထားသောကြက်ဥအရည်ထဲသို့နှစ်ပါ။
ထို့နောက်ပေါင်မုန့်ခြောက်မှုန့်(bread crumbs)ကပ်ကာဆီပူပူတွင်မီးအေးအေးနှင့်ကျက်သည်အထိကြော်ပေးပါ။
ရွှေညိုရောင်သမ်းလျှင်ဆယ်၍နှစ်သက်ရာဆော့စ်တစ်မျိုးမျိုးနှင့်တွဲဖက်သုံးဆောင်နိုင်ပါပီ။



















0 comments:
Post a Comment