Showing posts with label KNOWLEDGE. Show all posts
Showing posts with label KNOWLEDGE. Show all posts

Friday, 30 September 2016

နွားနို့ စစ်မစစ် ခွဲခြားပုံ

နွားနို့ စစ်မစစ် ခွဲခြားပုံ

ဒီစာမျက်နှာလေးမှတဆင့် ဒီတစ်ခေါက် ကျွန်မတင်ပြမဲ့ အရာကတော့ ကျွန်မကို ပေးပို့ထားတဲ့ မေးခွန်းများထဲက တစ်ခုဖြစ်တဲ့ နွားနို့ စစ်မစစ် ဘယ်လို စစ်နိုင်သလဲဆို တဲ့ ကြောင်းဘဲဖြစ်ပါတယ်ရှင် ။

နွားနို့ကို စစ်မစစ်အခွဲခြားခင်မှာ နွားနို့ထဲကို မသမာသူ ထုတ်လုပ်သူတွေက ဘာတွေ ရောနှော တတ်သလဲ ဆိုတာလေး ကိုအရင်တင်ပြပါရစေရှင် ။

ပထမဆုံး အရာကတော့ နွားနို့ အတုဖြစ်ပါတယ် ။ နွားနို့ လုံးဝ မပါတဲ့ အတွက် ဈေးအပေါဆုံး နည်းမို့  အသုံး အများဆုံး ဖြစ်ပါတယ် ။ နွားနို့ အတု အထဲမှာ ဘာတွေ ပါသလဲဆိုတော့ အစစ်နဲ့ တူအောင် ယူရီးယား၊ starch (ကော်မှုန့်) ၊ ပေါင်ဒါသကြား ၊ ဆော်ဒါ ၊ စားအုန်းဆီ ၊ အဖြူရောင် ရေဆေးနဲ့ ပျစ်အောင် ခေါင်းလျော်ရည်ကို အချိန်နဲ့ ထဲ့ကြပါတယ် ။ ထဲ့ထားတဲ့ ပစ္စည်းတွေက လူကို ဥပါဒ် အပေးဆုံးမို့  အန္တရာယ် အများဆုံးလဲ ဖြစ်ပါတယ်။

နောက်တစ်မျိုးကတော့ ကျွန်မတို့ အတော်များများ သိကြတဲ့ေ ရာတာဘဲ ဖြစ်ပါတယ် ။ ဒီနည်းက နွားနို့ များများ ပွားစေပြီး ရောတဲ့ ရေမသန့် ပါက လူကို အန္တရာယ်ပေး ပါတယ် ။

နောက်တစ်နည်း ကတော့ အဝတ်လျော် ဆပ်ပြာရည် ရောတာဘဲ ဖြစ်ပါတယ် ။ အဲ့ဒီနည်းက အမြှုပ် ထစေတဲ့ အတွက် နွားနို့ကို ပြစ်သရောင် ထင်ရအောင် ဖြစ်ပါ
တယ် ။ များများ စားသုံးမိပါက အဝတ်လျော် ဆပ်ပြာကြောင့် အူလမ်းကြောင်းနဲ့ ကျောက်ကပ်ကို ဒုက္ခပေးပါတယ် ။

နောက်တစ်မျိုး ကတော့ နွားနို့ ကိုအထားခံအောင် benzoin acid, salicylic acid နဲ့  ဖော်မလင် (formalin) စတာတွေကို ထဲ့တာပါဘဲ ။

နောက်ဆုံး တစ်မျိုးကတော့ နွားနို့ ထဲကို အမိုးနီယား (ammonium sulphate) ထဲ့တာပါဘဲ ။ ဒီနည်းက နွားနို့ကို ပျစ်စေ ၊ လေးစေပြီး နွားနို့ စံချိန် စစ်တဲ့ ကိရိယာ (lactometer) က တောင် ရန်ဖန်ရန်ခါ ဖတ်ဖို့ ခက်ခဲတဲ့ အတွက် ခွဲခြားဖို့ အခက်ခဲဆုံး အရာဘဲ ဖြစ်ပါတယ် ။

အခုနွားနို့ ကို ဘယ်လို ရောနှောတတ်တဲ့ အကြောင်းကို ပြောပြီးပြီမို့ သူတို့ကို ဘယ်လို စစ်ဆေးနိုင်သလဲ ဆိုတာလေးကို တင်ပြ သွားပါမယ်ရှင် ။ အများစုသော အရာတွေက ဓါတ်ခွဲ စစ်ဆေးမှ သိနိုင်တာမို့  ကျွန်မအနေနဲ့ ဓါတ်ခွဲခန်း သုံး ပစ္စည်းကိရိယာတွေ မပါဘဲ စားသုံးသူတို့ မျက်စိနဲ့ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ရွေးချယ်ပြီး တင်ပြလိုက်ပါတယ် ။

ပထမဆုံးနည်းကတော့ ကိုယ်ဝယ်ထားတဲ့ နွားနို့ ကိုရေရော မရောသိချင်ရင်တော့ နွားနို့ ကို ချောတဲ့ မျက်နှာပြင် မှန်လိုဟာမျိုး ပေါ်မှာ အစက်ချပြီး မှန်ကို နည်းနည်းမတ်လိုက်လို့ နွားနို့က မြန်မြန် ရေလို စီးသွားတယ် ဆိုရင်တာ့ ရေပါပြီ ပေါ့ရှင် ။ နွားနို့ အစစ်က ရေထက်လေးတော့ ချက်ချင်း မစီးဘဲ ဖြေးဖြေးချင်း စီးရမယ်လေ ။ အဲ့ဒီလို မစီးရင်တော့ ရေရောပြီပေါ့ရှင် ။ စီးကျနှုန်းကို ကြည့်ပြီး ရောတဲ့ရေ အနည်းအများကို ခန့်မှန်းလို့ ရနိုင်ပါတယ်ရှင် ။

နောက်တစ်နည်း ဖြစ်တဲ့ ဆပ်ပြာရည် ရောထားတဲ့ နွားနို့ ကတော့ သောက်ရင် ခါးသက်သက် အရသာရှိပြီး နွားနို့ ကိုလက်ညှိုးနဲ့ လက်မကြား ပွတ်ကြည့်ရင် ဆပ်ပြာလို ချောကျိကျိ နေတာကို တွေ့ရပါ လိမ့်မယ် ။

နောက်ဆုံးနည်း ကတော့ ဝယ်ထားတဲ့ နွားနို့ကို အပူမပေးခင်မှာ နည်းနည်း ဖယ်ထားပြီး ကျန်တာကို အပူပေး ပြီးရင် အရောင်ချင်း ယှဉ်ကြည့်ပါ ။ လိုအပ်တာထက် ပိုတဲ့ အဝါရောင်ကို ပြောင်းသွားရင်တော့ နွားနို့ မစစ်တာ သေချာပြီပေါ့ရှင် ။ အဲ့ဒီတော့ အခု အိမ်မှာ စစ်ဆေးနိုင်တဲ့ နည်းအားလုံးကို ကျွန်မ လက်လှမ်းမှီ သလောက် တင်ပြ ပြီးပြီမို့  ဒါလေးတွေကို အသုံးပြုပြီး မေးလာသူ စာဖတ်သူနဲ့ တကွ စားသုံးသူများ အားလုံး နွားနို့ အတု အန္တရာယ်မှ ရှောင်ရှားနိုင်ကြပါစေလို့  ကျွန်မက ဒီစာမျက်နှာမှ တဆင့် ဆန္ဒပြုလိုက် ရပါတယ်ရှင်။

Credit: မြန်မာအစားအသောက်စားသုံးသူအခွင့်အရေးကာကွယ်ရေးနှင့်ပညာပေးရေး

Share:

Thursday, 15 September 2016

ထမင်းကောင်းတစ်အိုးရဲ့လျို့ဝှက်ချက်များ

"ထမင်းကောင်းတစ်အိုးရဲ့လျို့ဝှက်ချက်များ"
*********************************************

၁ ။ ရှာလကာရည်
********************
ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်နှစ်စက်ထည့်ပေးရုံဖြင့်အနံ့အရသာကို
ပိုမိုထင်ပေါ်မွှေးပျံ့စေသည့်အပြင်ရာသီဥတုအလွန်ပူပြင်း၍ထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။

၂ ။ ဘီယာ
************
ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာဆန်သစ်လောက်မကောင်းတဲ့ချိန်မှာစိတ်ပူစရာမလိုပါဘူး ၊ထမင်းချက်ချိန်မှာဘီယာအနည်းငယ်သာထည့်ပေးလိုက်ပါပေါ်ဆန်းမွှေးကဲ့သို့မွှေးပျံ့တဲ့ထမင်းကိုရရှိမှာဖြစ်ပါတယ်။

၃ ။ မြေပဲဆီ
*************
ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီအနည်းငယ်ထည့်ပြီးအသာမွှေပေးလိုက်ပါ
ဆန်ဖွာခြင်းမရှိပဲခံတွင်းတွေ့စေမယ့်ထမင်းကိုရရှိမှာဖြစ်ပါတယ်။

၎ ။ ဆား
**********
လက်ကျန်ထမင်းကိုပြန်နွှေးရာတွင်ဆားအနည်းငယ်ထည့်ပေးခြင်းဖြင့်အနံ့ဆိုးများကိုပျောက်စေမည့်အပြင်ထမင်းကိုလည်းနူးညံ့စေပါတယ်။

၅ ။ ဆန်အရက် ( အရက်ဖြူ )
******************************
ထမင်းကြော်ရာတွင်အရက်သုံးလေးစက်အနည်းငယ်ထည့်ကြော်ပေးပါကနတ်သုဒ္ဒါပမာထမင်းအရသာကိုရရှိစေမှာဖြစ်ပါတယ်အကယ်၍ထမင်းကျက်တ၀က်မကျက်တ၀က်အခြေနေမျိုးတွေ့ကြုံနေပါကဆန်အရက်ဇွန်းနှစ်ဇွန်းစာထည့်ပြီးနွှေးပေးခြင်းဖြင့်ထမင်းကိုလုံးဝကျက်စေမှာဖြစ်ပါတယ်။

၆ ။ ရေကျက်အေး
********************
ထမင်းချက်ရာတွင်ရေကျက်အေးဖြင့်ချက်ပေးပါကဆန်မှာပါဝင်တဲ့ဗီတာမင် B1 ဓာတ်ကို
အပြည့်အ၀ရရှိစေမှာဖြစ်ပါတယ်။

၇ ။ ကြက်သွန်မြိတ်
*********************
ထမင်းတူးသွားပါကထမင်းကြားထဲကိုကြက်သွန်မြိတ်တစ်ပင်ခဏဖုံးအုပ်ထားလိုက်ပါ
တူးနံ့များယူပစ်သလိုပျောက်သွားစေပါတယ်။

၈ ။ လက်ဖက်ရည် ကြမ်း
***************************
ရေနွေးကြမ်းကိုထမင်းချက်ရာမှာထည့်ပြီးသာမာန်အတိုင်းထမင်းရေငှဲ့ချက်လျှင်ရရှိလာတဲ့ထမင်းကအနံ့အရသာကိုပြည့်စုံစေရုံသာမကအဟာရလည်းအလွန်ဖြစ်စေပါတယ်။

၉ ။ သံလွင်ဆီ
****************
ထမင်းချက်ရာတွင်သံလွင်ဆီအနည်းငယ်ထည့်ပေးပါကဆန်ထဲရှိသကြားဓာတ်တိုးမြှင့်မှုကိုထိန်းချုပ်နိုင်စေသည့်အပြင်အစာအိမ်ကို လည်းဥပါဒ်မဖြစ်စေပါဘူးဆီးချိုသမားများအတွက်အထူး သင့်လျော်ပါတယ်။

Share:
Image
Image
Image
Copyright © FOODCLUB13 Design by H.M