Tuesday, 27 September 2016

ပျားရည်နှင့်နွားနို့၏ကျန်းမာရေးအသုံးဝင်ပုံ

ပျားရည်နှင့်နွားနို့၏ကျန်းမာရေးအသုံးဝင်ပုံ

1. ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာပျောက်ကင်းစေနိုင်ခြင်း

အပျိုအရွယ် မိန်းမငယ်တော်တော်များများဟာ သွေးပေါ်ချိန်မှာ နာကျင်ခိုက်ခဲပြီး ခါးနာ၊ ဒူးခွေကာ တစ်ကိုယ်လုံး အားအင်မရှိတော့သလို ခံစားရတတ်ကြပါတယ်။ အဲဒီလိုဖြစ်ရတာဟာ ကိုယ်ခန္ဓာမှာ ပိုတက်စီယမ်နဲ့  မဂ္ဂနီစီယမ် လျော့နည်းတာကြောင့် ဖြစ်တာပါ။ နွားနို့ ထဲမှာ ပိုတက်စီယမ်များများ ပါဝင်ပြီး ပျားရည်မှာ မဂ္ဂနီစီယမ်ပေါများပါတယ်။

သုတေသနတွေ့ ရှိချက်အရ လူ့ ကိုယ်ခန္ဓာရဲ့ ပိုတက်စီယမ်က အာရုံကြောများ ထကြွလှုပ်ရှားမှုကြောင့် သွေးရည်ရဲ့စုခဲမှု ဖြစ်စဉ်နဲ့ လူ့ ကိုယ်ခန္ဓာရဲ့ဆဲလ်တွေအားလုံးအတွက် အလွန်အရေးကြီးတယ်လို့ သိရပါတယ်။ စိတ်ခံစားမှု ပေါ့ပါးစေတယ်။ နာကျင်မှုကို ထိန်းချုပ်နိုင်တယ်။ ရောဂါကူးစက် စွဲကပ်နိုင်မှုကို တားဆီးတယ်။ ဓမ္မတာလာချိန်မှာ သွေးအဆင်းများမှုကို လျော့နည်းစေတယ်။ မဂ္ဂနီစီယမ်က စိတ်ခံစားမှု မျှတအောင် ညှိပေးပါသေးတယ်။ စိတ်ဖိစီးမှုကို သက်သာစေတယ်။ ဒါကြောင့် ဓမ္မတာလာချိန် နာကျင်ကိုက်ခဲတတ်တဲ့ အမျိုးသမီးများ နွားနို့ တစ်ခွက်ထဲကို ပျားရည်ထမင်းစားဇွန်းတစ်ဇွန်း ထည့်ပြီး သုံး၊လေးရက် ဆက်တိုက် ကျိုပြီးသောက်ရင် နာကျင်ကိုက်ခဲမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

2. သွေးအားနည်းရောဂါကို သက်သာစေခြင်း

သွေးအားနည်းရောဂါဟာ မကြာခဏတွေ့ မြင်နေကျ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ နယူးဂျာစီ ကလေးဆေးရုံရဲ့ သုတေသနပြုတွေ့ ရှိချက်အရ လွယ်ကူရှင်းလင်းတဲ့ နည်းတစ်ရပ်ဖြစ်တဲ့ နွားနို့ ထဲပျားရည် ရောထည့်မွှေပြီး သောက်ရင် သွေးအားနည်းရောဂါ သိသိသာသာ သက်သာပျောက်ကင်းသွားတာကို တွေ့ ရှိခဲ့ပါတယ်။ ပါရဂူတွေက အသက်၅နှစ်ကနေ ၉နှစ်အရွယ် ကလေးငယ် ၁၀၀ကျော်တို့ ကို နေ့ စဉ် ပျားရည်ရောထားတဲ့နွားနို့ (၁၀၀ ကနေ ၁၅၀ဂရမ်)တို့ ကို ရက်၂၀ကြာ မပြတ်ဆက်တိုက်ပါတယ်။ ကလေးအားလုံး သွေးအားနည်းရောဂါ ရှိကြပါတယ်။ ရက်၂၀ ကြာပြီးတဲ့နောက် ကလေးတွေအားလုံးရဲ့ သွေးနီဥများနဲ့ ဟေမိုဂလိုဘင်များ တိုးပွားလာကြတာကို တွေ့ ရှိခဲ့တယ်။ ခေါင်းမူးတာ၊ မောဟိုက်တာ စတဲ့ လက္ခဏာတွေ သိသိသာသာ ထင်ထင်ရှားရှား လျော့ပါးသွားတာကို တွေ့ မြင်ရရုံမက၊ ကလေးတွေရဲ့ မျက်နှာတွေ နီမြန်းလာတာကိုလည်း တွေ့ မြင်ခဲ့ကြရတယ်လို့ သိရပါတယ်။

သွေးအားနည်းရောဂါရှိတဲ့ ကလေးများအတွက် အရောင်ရင့်တဲ့ ပျားရည်ကို တိုက်ကျွေးတာ ပိုကောင်းတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် ပျားရည်က အရောင်ရင့်လေ ပါဝင်တဲ့သတ္တုဓာတ် များပြားလေဖြစ်ပြီး အကျိုးသက်ရောက်မှု ပိုကောင်းလေဖြစ်တယ်လို့ သိရပါတယ်။

Written by : မောင်မောင်လှိုင်(အပ်စိုက်ကု)
From : နို့ ထွက်ပစ္စည်းများနှင့်လူ့ ဘဝ

Share:

0 comments:

Post a Comment

Image
Image
Image
Copyright © FOODCLUB13 Design by H.M