Thursday, 15 September 2016

ဂဏန်းမဆလာ

ဂဏန်းမဆလာ
============

ပါဝင်ပစ္စည်းများ
===========
၁။ ကဏန်း - အကောင်ကြီး ၄ကောင် (အပေါ်အခွံဖယ်ပြီးသန့်စင်အောင်လုပ်ထားပါ)
၂။ ကြက်သွန်နီ - ၁ဥ (နုပ်နုပ်စဉ်းပါ)
၃။ ကြက်သွန်ဖြူ - ၂မြွှာ (ဓါးပြားရိုက်ပါ)
၎။ ပဲငံပြာရည်အကြည် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
၆။ မဆလာ - လက်ဖက်ရည်ဇွန်း ၂ဇွန်း
၇။ သံပုရာရည် - ၁ဇွန်း
၈။ ကြက်ဥ - ၁လုံး (ခလောက်ထားပါ)
၉။ စပါးလင် - အနည်းငယ် (ပါးပါးလှီးပါ)
၁၀။ ကြက်သွန်မြိတ် - အနည်းငယ် (ပါးပါးလှီးပါ)
၁၁။ ခရမ်းချဉ်သီး - ၁လုံး (ပါးပါးလှီးပါ)
၁၂။ ငရုပ်သီးစိမ်း - ၄တောင့် (ပါးပါးလှီးပါ)

ချက်ပြုပ်ပုံ
========

၁။ အရင်ဆုံး သန့်စင်ထားသော ကဏန်းများကို  အရောင်လှအောင် ဒယ်အိုးထဲ ဆီများများဖြင့်    ၁မိနစ်ခန့် ထည့်ကြော်ပေးပြီး ပြန်ဆယ်ထားပါ။

၂။ ဒယ်အိုးထဲ ဆီ(စားပွဲဇွန်း ၄ဇွန်း)ခန့် ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ၊ ကြက်သွန်နီ ၊ခရမ်းချဉ်သီး ၊ ငရုတ်သီးစိမ်း နှင့် စပါးလင်တို့ကို  ဆီသတ်ပေး  ပါ။ 

၃။ ပြီးမှ နနွင်းမှုန့် (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) နှင့် မဆလာ(လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ) ထည့်လိုက်ပါ။

၎။ ထို့နောက်  ပဲငံပြာရည်အကြည် ၊ ကြက်သားမှုန့်နှင့်ခလောက်ထားသောကြက်ဥများကိုမွှေတံဖြင့် ခပ်နာနာလေးမွှေပေးရင်း လောင်းထည့်လိုက်ပါ။

၅။ ပြီးနောက် ကြက်သွန်မြိတ်၊ ကဏန်းများကို  ထည့်ကာ ရောမွှေပေးပါ။တည်ခင်းမယ့်ပန်းကန်ပြားပေါ်မှာ ဆလပ်ရွက်များခင်းပြီး အလှဆင်ကာ အရသာရှိတဲ့ ကဏန်းမဆလာချဉ်စပ်ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ။

မှတ်ချက်☆မိမိနှစ်သက်ရာအသားများဖြင့်လည်းချက်ပြုပ်နိုင်ပါသည်☆

ပြန်လည်မျှဝေသည်။

Share:

0 comments:

Post a Comment

Image
Image
Image
Copyright © FOODCLUB13 Design by H.M