Friday, 16 September 2016

ဝက်ပင်စိမ်း


ဝက်ပင်စိမ်း
*************

ပါဝင်ပစ္စည်းများ
*****************
ခရုဆီ   ၃ဇွန်းကြီး
သကြား  ၁ဇွန်းသေး
အချို မှုန့်   ၂ဇွန်းသေး
ကြက်သားမှုန့်   ၃ဇွန်းသေး
ငရုပ်ကောင်းမှုန့်    ၁ဇွန်းသေး
အရိုးပြုတ်ရေ    အနည်းငယ်

ပြုလုပ်နည်း
*************
ဝက်သားများအားအတုံးကလေးများပြုလုပ်ထားပါ။
ပင်စိမ်းများခြွေထားပေးပါ။ငရုပ်သီးစိမ်းများအားဓါးပြားရိုက်ပါ။
ကြက်သွန်ဖြူ များကိုလည်းဓါးပြားရိုက်ပေးပါ။
ပထမဦးစွာကြက်သွန်နှင့်ဝက်သားအတုံးကလေးများအားဆီသက်ပါ။
အသားများ၇၅%လောက်ကျက်သွားပါကဆော့စ်များအားလောင်းထည့်ပေးပါ။
ငရုပ်သီးစိမ်းများအားထည့်ပါ။ပင်စိမ်းအချို့ တဝက်အားထည့်ပေးပါ။အရိုးပြုတ်ရေထည့်ပါ။
ငရုပ်ကောင်းထည့်ပါ။အဆက်မပျက်မွှေပေးပါ။
ကျက်သွားပြီဆိုပါကဆီပူပူတွင်ကြော်ထားသောပင်စိမ်းများအားအပေါ်မှတင်ကာအလှဆင်နိုင်ပါသည်။တစ်ချို့ တွေကတော့အရောင်လှအောင် ပဲငံပြာရည်အပျစ်ကိုသုံးတတ်ကျပါတယ်။ကြိုက်ရင်ထည့်နိုင်ပါတယ်။

Share:

0 comments:

Post a Comment

Image
Image
Image
Copyright © FOODCLUB13 Design by H.M