ပင်လယ်ဂဏန်းပေါင်းနှင့်ချိုချဉ်စပ်ဆော့စ်
********************************************
ပင်လယ်ဂဏန်း..........၃ကောင့်
ကြက်သွန်ဖြူ ...............၃တက်
ချင်းသေးသေး..............၁တက်
ဆော့စ်ရည်အတွက်
**********************
ငရုတ်သီးစိမ်း..........၁၀တောင့်
ကြက်သွန်ဖြူ...........၅တက်
ငါးငံပြာရည်............၂ဇွန်း
သကြား..................၁ဇွန်း
သံပုရာရည်.............၂ဇွန်း
နှမ်းဆီ.....................၁ဇွန်း
ချင်းခြောပ်မှုန့်............အနည်းငယ်
ဟင်းခတ်မှုန့်.............အနည်းငယ်
နံနံပင်......................အနည်းငယ်
ဒီဟင်းပွဲရဲ့အဓိက..ကတော့ချို ချဉ်စပ်ဆော့စ်ရည်ပါ။
ချက်နည်း
************
ဂဏန်းတွေကိုသန့်စင်ပြီး...လက်မတွေကိုဖြုတ်ပါ။ကိုယ်ထည်ကို ၂ပိုင်း(သို့)၄ပိုင်းပိုင်းပြီးဝမ်းဗိုက်အောက်ကလေပါးဟပ်တွေကိုဖယ်ထုတ်ပါ။လက်မတွေကို..ဓားပြားဖြင့်ခပ်ဖွဖွရိုက်ပါဂဏန်းတွေအားလုံးကို..ဆား ၊ဟင်းခတ်မှုန်.၊ဟင်းချက်ဝိုင်အရက်အနည်းငယ်တို့နှင့်ရောနယ်ကာ ချင်းဓားပြားရိုက်လေးထည့်ပြီး..အဖုံးလုံသောခွက်တစ်ခုမှာထည့်ပြီးရေနွေးငွေ့ဖြင့်(၁၅)မိနစ်ခန့်ပေါင်းပေးပါ။အအေးခံထားပြီးသင့်တင့်လှပအောင်ပြင်ဆင်ထားပါ။
ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းတို့ကိုညှက်အောင်ရောကြိတ်ပြီး..သကြား၊ဟင်းခတ်မှုန့်၊ငါးငံပြာရည်၊သံပုရာရည်၊နှမ်းဆီမွှေးတို့ဖြင့်ရောမွှေပြီး..နုပ်နုပ်စဉ်းထားသောနံနံပင်လေးတွေရောထည့်မွှေပါ။
ပေါင်းထားသောဂဏန်းပေါင်းနှင့်တွဲဖက်သုံးဆောင်နိုင်ပါသည်..။
0 comments:
Post a Comment