မရှိမဖြစ် ဗီတာမင်
*********************
ဗီတာမင် A
**************
မျက်စိအားကောင်းစေဖို့ ၊ ကိုယ်ခံအားစံနစ်တိုးတက်မြင့်မားစေဖို့ ၊အရေပြားကျန်းမာရေး၊ အသည်းရောင်အသားဝါ၊ နှာစေး၊ ပျို့  အန်၊ဆံပင်ကျွတ်ခြင်း တို့ မှ ကာကွယ်နိုင်ရန်အတွက် ဗီတာမင် A က မရှိမဖြစ်ပါ။လိမ္မော်သီး၊ ကန်စွန်းဥ အ၀ါရောင်၊ မုန်လာဥနီ၊ တရုပ်ဇီးသီးခြောက်၊သခွားမွှေးသီး၊ သင်္ဘောသီး၊ မက်မွန်သီး၊ သရက်သီးမှည့်၊ ခရမ်းချဉ်သီး၊ပန်းငရုပ်ပွ(အချို)၊ ကိုက်လံ၊ ဆ လတ်ရွက်၊ ဟင်းနုနယ်ရွက်၊ မုန်ညင်းစိမ်း၊ပင်စိမ်းရွက်၊ ဗိုစားပဲသီး၊ ပင်လယ်ငါး၊ နွားနို့ ၊ ငါးကြီးဆီ၊ကြက်အသည်း(အထူးသဖြင့် ကြက်ဆင် အသည်း)၊ အမဲအသည်း၊ ကွေကာအုတ်အကြမ်း တို
့မှာ ဗီတာမင် A ကို လုံလောက်စွာ ရရှိနိုင်ပါတယ်။
ဗီတာမင် B6
***************
ဦးနှောက်အားကောင်းစေဖို့ ၊ အာရုံကြောများ အားကောင်းစေဖို့ ၊အနီရောင်ဆဲလ်များ ကောင်းစွာထုတ်လုပ်နိုင်ဖို့ ၊ အရေပြား ရောဂါများအတွက်ဗီတာမင် B6 က မရှိမဖြစ်ပါ။ အစိမ်း/အ၀ါ/အဖြူရောင် စတဲ့ ပဲအမျိုးမျိုး၊ကြက်/ရစ်ဌက်(ရစ်သား)/၀က်/အမဲ/ သမင်/ချေ/စိုင်/ဒရယ်/ဆတ် စတဲ့အနီရောင်အသားများ၊ ပင်လယ်ငါးများ၊ နေကြာစေ့/ဗာဒံစေ့/သစ်ကြားသီးစတဲ့အခွံမာသီးများ၊ ကြက်ဥ/ဘဲဥ/ငုံးဥ စတဲ့ ဥအမျိုးမျိုး၊ ဟင်းနုနယ်ရွက်၊ကိုက်လံ၊ စိမ်းပြာရေညှိ၊ ကြက်သွန်မြိတ်၊ တို့ ဟူး၊ ဆီးချိုသီး(အခြောက်)၊ဌက်ပျောသီး၊ ထောပတ်သီး၊ ကြက်သွန်ဖြူ၊ ပဲပိစပ်၊ မှိုခြောက်၊ အာလူး၊မျောက်ဥ၊ ဒိန်ခဲ(နို့ ခဲ)၊ တင်လဲရည်(သကာရည်) တို့ မှာ ဗီတာမင် B6 ကိုလုံလောက်စွာ ရရှိနိုင်ပါတယ်။
ဗီတာမင် B12
****************
အာရုံကြောများ အားကောင်းစေဖို့ ၊ မှတ်ဥာဏ်အားကောင်းစေဖို့ ၊စိတ်ဓာတ်ကျခြင်းမှ ပြေပျေက်စေဖို့ ၊ သွေးအားနည်းရောဂါ နှင့်အနီရောင်ဆဲလ်များ ကောင်းစွာထုတ်လုပ်နိုင်ဖို့  တို့ အတွက် ဗီတာမင် B12 ကမရှိမဖြစ်ပါ။ ခရု/ဂဏန်း/ပုစွန်/ဂုံးကောင် စတဲ့ အခွံမာရေသတ္တ၀ါများ၊ဘဲသား၊အမဲသား စတဲ့ အနီရောင်အသား၊ အမဲအသည်း၊ ကြက်ဆင်အသည်း၊ ကြက်သား၊ရေဘ၀ဲ၊ တူနာငါး၊ ငါးသေတ္တာငါး၊ ရေချိုရေငံ ငါးအမျိုးမျိုး၊ တို့ ဟူး၊လူး/ဆပ်/ဂျုံ စတဲ့ ကောက်နှံစပါး အမျိုးမျိုး၊ နွားနို့ ၊ ချိစ်၊ဒိန်ချဉ် နှင့် ကြက်ဥ/ဘဲဥ/ငုံးဥ တို့ မှာ ဗီတာမင် B12 ကို လုံ လောက်စွာရရှိနိုင်ပါတယ်။
ဗီတာမင် C
*************
အရိုးသန်မာဖို့ ၊ သွား နှင့် ခံတွင်းကျန်းမာစေဖို့ ၊သွေးကြောများပွင့်လန်းစေဖို့ ၊ ကင်ဆာရောဂါများကိုတိုက်ထုတ်စေဖို့ ၊အအေးမိ နှာစေး ချောင်းဆိုး ကူးစက်ရောဂါမဖြစ်စေဖို့  နှင့် အရေပြာအသားအရေကောင်းမွန်စေဖို့ တို့ အတွက် ဗီတာမင် C က မရှိမဖြစ် ပါ။ရှောက်/သံပုရာ/သံပရို/လိမ္မော်သီး စတဲ့ အချဉ်သီးမျိုးနွယ်များ၊ ကီဝီသီး၊မာလကာသီး၊ ပန်းငရုပ်ပွ၊ စတော်ဘယ်ရီသီးများ၊ ကိုက်လံ၊ ဟင်းနုနယ်ရွက်၊ပန်းဂေါ်ဖီစိမ်း(ဘရိုကိုလီ)၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ အစိမ်းရောင်ပဲသီးအမျိုးမျိုး တို့ မှာ ဗီတာမင် C ကို လုံလောက်စွာ ရရှိနိုင်ပါတယ်။
ဗီတာမင် D
*************
ကယ်လ်စီယမ်ဓာတ်ကို စုပ်ယူမှုအားကောင်းစေဖို့ ၊ အရိုးသန်မာဖို့ ၊ဆဲလ်များကြီးထွားဖို့ ၊ အာရုံကြောကြွက်သားတွေ အား ကောင်းဖို့ ၊ကိုယ်ခံစွမ်းအားကောင်းမွန်စေဖို့  နှင့် ခန္ဓာကိုယ်ဖောယောင်ခြင်းမှကင်းဝေးစေဖို့ တို့ အတွက် ဗီတာမင် D က မရှိမ ဖြစ်ပါ။ နံက်နေရောင်ခြည်၊ငါးကြီးဆီ၊ ပင်လယ်ငါးအမျိုးမျိုး၊ ကမာကောင်၊ ငါးဥ၊ ကြက်ဥအနှစ်၊ နွားနို့နှင့် နို့ ထွက်ပစ္စည်းများ နှင့် မှို တို့ မှာ ဗီတာမင် D ကိုလုံလောက်စွာ ရရှိနိုင်ပါတယ်။
ဗီတာမင် E
*************
သွေးနီဥဆဲလ်များ ကောင်းစွာထုတ်လုပ်နိုင်ဖို့ ၊ ဦးနှောက်ကောင်းစေဖို့ ၊ဆဲလ်ပျက်စီးမှုမှကာကွယ်နိုင်ဖို့ ၊ နှလုံးရောဂါ နှင့် ကင် ဆာရောဂါများမှကာကွယ်စေဖို့ ၊ အရွယ်တင်နုပျိုလှပစေဖို့ ၊ အသားအရေ ချောမွေ့ စေဖို့ နှင့်အရွယ်မတိုင်ခင် မျက်စိမှုန်ခြင်းမှ ကင်းဝေးဖို့တို့ အတွက် ဗီတာမင် E က
မရှိမဖြစ်ပါ။ ဗာဒံစေ့/နေကြာစေ့/ဖရုံစေ့ စတဲ့ အခွံမာသီးအစေ့အဆံများ၊သံလွင်ဆီ ကဲ့ သို့ ဟင်းရွက်ဆီများ၊ ဂျုံ လူး ဆပ် ဆန်စတဲ့ကောက်နှံအမျိုးမျိုး၊ ဟင်းနုနယ်/ပန်းဂေါ်ဖီစိမ်း(ဘရိုကိုလီ) တို့ လို
အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ထောပတ်သီး၊ ပုစွန်ထုပ် နှင့်အဆီများသောငါးအမျိုးမျိုး တို့ မှာ ဗီတာမင် E ကို လုံလောက်စွာရရှိနိုင်ပါ တယ်။
ဖောလိပ် အက်ဆစ်
*********************
အရည်အသွေးကောင်း ဆဲလ်သစ်များတည်ဆောက်နိုင်ဖို့ ၊စိတ်ဖိစီးမှုပြေပျောက်နိုင်ဖို့ ၊ DNA မြှင့်တင်နိုင်ဖို့ ၊ သွေးအားကောင်းစေဖို့ ၊ သန္ဓေသားကျန်းမာဖို့ ၊ အယ်လ်ဇိုင်းမားဖြစ်ခြင်းမှကာကွယ်နိုင်ဖို့၊ ဦးနှောက်နှင့်ပတ်သက်သော ကင်ဆာရောဂါ များမှ ကင်း ဝေးစေဖို့ ၊နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ဖို့  အတွက် ဖောလိပ်အက်ဆစ်(ခေါ်)ဗီတာမင် B9က မရှိမဖြစ်ပါ။ သင်္ဘော/လိမ္မော်/ ဂရိတ်ဖရု/စတော်ဘယ်ရီ/ထောပတ်သီးစတဲ့သစ်သီးများ၊ ဟင်းနုနယ်/မုန်ညင်စိမ်း/မုန်ုလာရွက်/ကညွတ်/ပန်းဂေါ်ဖီစိမ်း(ခေါ်)ပဲတောင့်ရှည်/ဗိုစားပဲသီး/ရုံးပတီသီး စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ နေကြာစေ့/မြေထောက်ပဲ/ဂုန်လျှော်စေ့/ဗာဒံစေ့ စတဲ့အခွံမာသီးအစေ့အဆံများ၊ ပန်းဂေါ်ဖီ၊ ပြောင်းဖူး၊ မုန်လာဥနီ၊ တရုပ်နံနံ၊beet root(ခေါ်)သကြားမုန်လာ(ခေါ်)သွေးနီရောင် အရည်ရွှမ်းတဲ့
မုန်လာဥနီအ၀ိုင်း၊ ပဲနီလေး၊ ပဲပင်ပေါက် တို့ မှာ ဖောလိပ်အက်ဆစ်ကိုလုံလောက်စွာ ရရှိနိုင်ပါတယ်။
ဗီတာမင် K
*************
ဦးနှောက်၊ နှလုံး စတဲ့သွေးကြောများ သွေးခဲခြင်းမဖြစ်စေဖို့ ၊ကင်ဆာရောဂါမှ ကာကွယ်ဖို့ ၊ အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက် ဇရာအကြိုရောဂါမဖြစ်စေဖို့ ၊ အရိုးပွရောဂါ နှင့် နှလုံးရောဂါမှကာကွယ်နိုင်ဖို့ တို့ အတွက် ဗီတာမင် K က မရှိမဖြစ်ပါ။ ပင်စိမ်းရွက်/ကိုက်လံ/ဟင်းနုနယ်/မုန်ညင်းစိမ်း/ဆလတ်ရွက်/ပန်းဂေါ်ဖီစိမ်း/ကညွတ် စတဲ့အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ကြက် သွန်မြိတ်၊ ဂေါ်ဖီ၊ သခွားသီး၊ငရုပ်သီးမှုန့် ၊ ဥအနှစ် နှင့် တရုပ်ဆီးသီးခြောက် တို့ မှာ ဗီတာမင် K ကိုလုံလောက်စွာ ရရှိနိုင်ပါ တယ်။
နီအာစင်း
**********
နီအာစင်း(ခေါ်)ဗီတာမင် B3 က အစားအစာမှ စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးရုံသာမက၊ ကိုလက်စထရောပမာဏကို လျော့ချ ပေးခြင်း၊သွေးထဲရှိသကြားပမာဏကိုမျှတစေခြင်း၊ အရေပြာရောင်တင်းခြင်း၊ ၀မ်းသွားခြင်း၊နာတာရှည် စိတ်ပျံ့ လွင့်ရောဂါ၊ မှတ် ဥာဏ်ချို့ ယွင်းခြင်း၊အာခံတွင်းရောင်ရမ်းခြင်း၊ အလွန်အမင်း မောပမ်းနွမ်းနယ်ခြင်း တို့ မှကာကွယ်ပေးနိုင်ပါတယ်။ ဂျုံ လူး ဆပ် ဆန် စတဲ့ကောက်နှံအမျိုးမျိုး၊ နို့နှင့် နို့ ထွက်ပစ္စည်းများ၊ ဗူး ဖရုံ ဖရဲ သခွား ထောပတ်သီးသခွားမွှေးစတဲ့အခွံမာသီးများ၊ ကြက် ရင်ပုံသား၊ ၀က်ပေါင်သား၊ သိုးသားအသည်း၊ဘဲ၊ ငန်း၊ အမဲနံရိုး၊ ပင်လယ်ငါး၊ မြေထောက်ပဲ၊ မှို၊ပန်းငရုပ်ပွအစိမ်းရောင်၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ နေကြာစေ့၊ ပဲထောပတ်၊
ကော်ဖီ တို့ မှာ နီအာစင်းကို လုံလောက်စွာ ရရှိနိုင်ပါတယ်။
ရီဗိုဖလာဗင်
**************
အရေပြားအဆီခမ်း ခြောက်သွေ့ ခြင်း၊ နှုတ်ခမ်းသားခြောက်သွေ့ ကွဲအက်ခြင်း၊ခံတွင်းအပူကန်နာများ၊ လည်ချောင်းနာခြင်း စတဲ့ ဝေဒနာများအတွက်သာမက၊ခန္ဓာကိုယ်တွင်းကိုယ်ပ စွမ်းအင်ဓာတ်ပြုမှုလုပ်ငန်းစဉ်အတွက်ရီဗိုဖလာဗင်(ခေါ်)ဗီတာမင် B 2 က မရှိမဖြစ်ပါ။ ဟင်းနုနယ် မုန်းညင်းစိမ်းမုန်လာရွက် စတဲ့ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ ကောက်နှံ၊ အသား၊နို့ /ချိစ်/ ထောပတ် စတဲ့နို့ ထွက်ပစ္စည်းများ၊ ဗာဒံစေ့၊ အမဲသား၊ သိုးသား၊၀က်သား၊ အဆီများသောငါး၊ ကြက်ဥ/ဘဲဥ/ငုံးဥ စတဲ့ အ ကျက်ပြုတ်ထားသောဥအမျိုးမျိုး၊ မှို၊ နှမ်းစေ့အဖြူ၊ ကင်းပွန်(ပြည်ကြီးငါး) တို့ မှာ
ရီဗိုဖလာဗင်ကို လုံလောက်စွာ ရရှိ နိုင်ပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
မူရင်းလင့်
https://m.facebook.com/story.php?story_fbid=1280152598675586&id=100000425741880
0 comments:
Post a Comment