Saturday, 24 September 2016

အအေးမိခြင်းကို ကာကွယ်ပေးတဲ့ဟင်းခတ်အမွှေးအကြိုင် ၃ မျိုး

ဟင်းခတ် အမွှေးအကြိုင် တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်လို့ ဟင်းတွေ ချက်ပြုတ် ပြင်ဆင်ရာမှာ ထည့်သွင်း အသုံးပြု သင့်ကြောင်း သိလည်း သိခဲ့ကြသလို သုံးလည်း သုံးခဲ့ကြပါတယ်။

(၁) နနွင်းမှုန့်

ဟင်းလျာတွေထဲ နနွင်းမှုန့် ထည့်ပြီး ပြင်ဆင်တဲ့အခါ အဝါရောင် သန်းနေတာ ကြောင့် စားချင်စဖွယ် ဖြစ်စေရုံ သာမက နနွင်းမှုန့်ထဲမှာ ပါဝင်တဲ့ ကာကူမင် (Curcumin) ကြောင့် ခေါင်းကိုက် သက်သာစေခြင်း၊ ဓာတ်မတည့်မှု ဝေဒနာ တွေကို လျော့ပါးစေခြင်းနဲ့ အအေးမိ ဝေဒနာကို ကင်းစင်စေခြင်း စတဲ့ အကျိုး ကျေးဇူး တွေကို ရရှိ စေပါတယ်။ ဒါကြောင့် နနွင်းမှုန့်ဟာ တချို့သော ရောဂါ တွေမှာ ဆေးဝါး တချို့ သောက်သုံးတာလိုပဲ အစွမ်းထက်မှု ရှိတယ်လို့ ဟောက်စတန် ကင်ဆာ စင်တာက ပါမောက္ခ ဘားရတ်က ဆိုပါတယ်။

(၂) ဇီရာစေ့

ဇီရာစေ့မှုန့်မှာ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ပေါများစွာ ပါဝင် နေတာကြောင့် နှာခေါင်းတွင်း ပိုးဝင်ခြင်းနဲ့ အအေးမိ ဝေဒနာတို့ မဖြစ် အောင် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။


(၃) ပင်စိမ်း

ပင်စိမ်းမှာ အစွမ်းထက် ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင် ပါဝင်တာ ကြောင့် လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းနဲ့ နှာခေါင်း ပိတ်ခြင်းစတဲ့ ဝေဒနာ တွေကို သက်သာစေပါတယ်။

မူရင်း http://natureenergycares.blogspot.com

Share:

0 comments:

Post a Comment

Image
Image
Image
Copyright © FOODCLUB13 Design by H.M