စီချွမ်ကြက်/ဝက်/ပုဇွန်ကုန်းဘောင်
========================
ရိုးရိုးကုန်းဘောင်ချက်နည်းကိုဘဲ ဆီအစားထိုးသုံးထားပါတယ်။ အသားနယ်တဲ့နေရာမှာတော့ပုံစံလေးပြောင်းပြီး Hoa Jao ငရုတ်ကောင်းအမှုန့်လေးနဲ့နယ်ပြီး အရသာတိုးအောင်ပြင်ဆင်ထားပါတယ်။
ပါဝင်ပစ္စည်းများ
===========
ဝက်သား (အတုံးသေးသေးလေးများလှီးထားပါ) ၁၀ သား
Hoa Jao ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း) တစ်ဝက်
တရုတ်မဆလာ အနည်းငယ်
ခရုဆီ (စားပွဲဇွန်း) ၁ ဇွန်း
ပဲငံပြာရည် အနည်းငယ်
သကြား အနည်းငယ်
(ပါဝင်ပစ္စည်းများအားလုံးရောနယ်ပြီး ၁၀ မိနစ်ခန့်နှပ်ထားပါ)
ဂျုံ (စားပွဲဇွန်း) ၂ ဇွန်း
ကော်မှုန် (စားပွဲဇွန်း) တစ်ဝက်
(ကော်မှုန့်နဲ့ဂျုံမှုန့်ရောပြီးရေအနည်းငယ်ထည့်ပြီးသမအောင်မွှေထားပေးပါ)
စီချွမ်ငရုတ်ဆီ (စားပွဲဇွန်း) ၅ ဇွန်း
ကြက်သွန်ဖြူ (အခွံမာပါဒါးပြားရိုက်ပြီး) ၄ တက်
ကြက်သွန်နီအသေး (ထက်ခြမ်းခြမ်းပြီး) ၃ လုံး
ငရုတ်ပွ ခြောက် (အစေ့ထုတ်ပြီးပိုင်းထားပါ) ၃ တောင့်
သီဟိုဠ်စေ့ ၁၀ စေ့
ပန်းငရုတ်ပွစိမ်း နှင့် အနီ(အစေ့ဖယ်ပြီးလှီးထားပါ) ၁ လုံး
ဆား အနည်းငယ်
သကြား အနည်းငယ်
ပဲငံပြာရည်အကြည် အနည်းငယ်
ကြက်သွန်မြိတ် (ပါးပါးလှီးပြီး) ၂ ပင်
ချက်နည်း
=======
၁။ ဆီအပူပေးပြီး အရုတ်ခြောက်များကြွပ်လာအောင်ကြော်ပေးပြီးဖယ်ထားပါ။
၂။ အရသာနှပ်ထားသော အသားများကို ဂျုံမုန့်နှစ်ဖြင့်ရောပြီးဆီပူမှာအရောင်ညိုလာသည်အထိ
ကြော်ပေးပါ။ အအေးခံထားပါ။
၃။ ကြော်အိုးနောက်ထပ်တစ်လုံးမှာ ဆီလက်ကျန်ဖြင့် ကြက်သွန် ဖြူ နီများဆီသတ်ပေးပါ။ သီဟိုဠ်
စေ့ပန်းငရုတ်ပွများထည့်ပါ။
၎။ ကြော်ပြီးဝက်သားများထည့်မွှေပေးပါ။ ဆား၊ သကြား၊ ငံပြာရည်တို့ကိုမီးအရှိန်ပြင်းပြင်းပေး
ထားစဉ်ထည့်ကြော်ပေးပါ။
၅။ မီးလျှော့၊ ငရုတ်ကောင်ဖြူမှုန့်နှင့် ကြက်သွန်မြိတ်တို့အပေါ်မှဖြူးပေးပြီး သုံးဆောင်နိုင်ပါပြီ။
0 comments:
Post a Comment