အသားကင် သုပ်(ချဉ်စပ်)
******************
ပါဝင်သောပစ္စည်းများ
***************
အသားအပြားကင်အတွက်က ကြိုက်နှစ်သက်ရာ အသား ပါးပါးလေးကို ဆားနှင့် ငရုတ်ကောင်း ထည့်ပြီး မကပ်တဲ့ အိုးပေါ်မှာ တပြားစီထည့်ရ်ျ ကင်ပါ။
၁ ပွဲစာ သုပ်၇န်အတွက်
၁။ ကြက်သွန်ဖြူ - ၂ မွှာ
၂။ ငရုတ်သီး - ၅ တောင့်
၃။ နံနံပင် - ၁၅ ပင်
၎။ ဆား - အနည်းငယ်
၅။ ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ သံပုရာသီး - ၁ ခြမ်း
၇။ ပါးပါးလှီးထားသော အသား - တပွဲစာ
၈။ ငရုတ်ကောင်း - အနည်းငယ်
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
********
၁။ အသားကလွဲပြီး ပါဝင်သောပစ္စည်းများကို ဖျော်ရည်ဖျော်စက် (blender) (သို့ ) ကြိတ်စက် (food processor)ထဲထည့်ကြိတ်ပါ။ မရှိလျှင် ထောင်းလို့ လဲ၇ပါတယ်။
၂။ ပြီးလျှင် အတုံးအသေးလေးတွေလှီးထားသော အသားကို ကြိတ်ထားသော အစာပလာတွေဖြင့်သုပ်ပါ။
၃။ ချဉ်ချဉ်စပ်စပ် အသားကင်သုပ်ကို သုံးဆောင်နိုင်ပါပြီ။
အသားကင်သုပ်အတွက် အစာပလာကို ဖျော်ရည်ဖျော်စက် (blender) (သို့ ) ကြိတ်စက်(foodprocessor) ထဲထည့်ကြိတ်ရင် ပိုအဆင်ပြေပါတယ်။ အဲတာတွေမရှိ၇င်တော့ ထောင်းပြီးလုပ်ရင်လဲရပါတယ်။ အ၇မ်းစားကောင်းတဲ့ နည်းလေးမို့ လို့ လုပ်စားကြည့်ပါ။
0 comments:
Post a Comment