Tuesday, 10 January 2017

အသားကင်၊ ကလီစာအကင်

့အသားကင်၊ ကလီစာအကင်
********************

ပါဝင်သောပစ္စည်းများ
**************
၁။ မိမိနှစ်သက်ရာအသား (သို့ ) ကြက်/ဝက် နှလုံး (သို့ ) ကြက်/၀က် အသည်း
   ၁ပေါင် (ကြက်အမြစ်ကို သုံးရင် အ၇မ်းမာပါတယ်)
၂။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၃။ သကြား(သို့ ) ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ ဆနွင်း -လက်ဖက်ရည် ဇွန်း လေးပုံ သုံးပုံ
၅။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း လေးပုံ သုံးပုံ
၆။ မဆလာ -လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံ သုံးပုံ
၈။ ကြက်သွန်ဖြူ - ၂ တက် (ညက်နေအောင်ထောင်းထားပါ။)
၉။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း (ကင်မည်ဆိုရင် ဆီမလိုပါ။)

  ပြုလုပ်နည်း
*********
၁။ အသားကိုကင် ဘို့ ဆိုရင် အတုံးလေးတွေတုံးပါ။ အိုးပေါ်မှာ လှိမ့်ဘို့ အတွက်ကတော့ အပါးလေးတွေ လှီးပါ။ ကြက်နှလုံးကို ဒီအတိုင်းပဲထားပါ။ အသည်း အတွက်ကတော့ အ၇မ်းအပါးလှီးရန်မလိုပါ။ အနေတော်တုံးပါ။

၂။ အသား(သို့ )ကလီစာများကို ဆီကလွဲပြီး ကျန်တာတွေနဲ့ နယ်ပြီး၇င် နှပ်ထားပါ။ အနည်းဆုံး ၂နာ၇ီခန့် နှပ်ထားပါ။

၃။ ကင်မည်ဆိုရင် တဖက်ကို ၂ မိနစ်ခန့် ကင်ပါ။

၎။ မကပ်တဲ့ အိုးပေါ်မှာ လှိမ့်မည်ဆိုရင် ဆီ ထမင်းစားဇွန်း၁ ဇွန်းကို အိုးထဲထည့်၊ ဆီပူလာရင် အိုးထဲကို အသား(သို့ ) ကလီစာကို တ၀က်ထည့်ပါ။ ၅ မိနစ်ခန့် ဆီပူမှာလှိမ့်ပါ။ ပြီးရင် နောက်တခေါက် အသားကိုမလှိမ့်ခင် အိုးကို သစ်သားယောင်းမနဲ့ အမည်းတွေကို ခြစ်ချပြီးရေပြန်ဆေးပါ။ ဆပ်ပြာနဲ့ ဆေးရန်မလိုပါ။ ပြီးရင် အိုးပူအောင်ပြန်ထားပြီး အိုးပူရင် ဆီထည့်ပြီး အထက်ပါနည်းအတိုင်း ကျန်တ၀က်ကို လှိမ့်ပါ။

၅။ အိုးပေါ်လှိမ့်ထားတဲ့ အသားတွေကို တုတ်ချောင်းလေးတွေမှာထိုးလိုက်ရင်လဲ လှပါသည်။

Share:

0 comments:

Post a Comment

Image
Image
Image
Copyright © FOODCLUB13 Design by H.M