Wednesday, 11 January 2017

ပဲကြာဇံသုပ်

ပဲကြာဇံသုပ်
*********
ပါဝင်ပစ္စည်း
*******
ပဲကြာဇံ ၁၀ ကျပ်သား
အားလူး ၃လုံး(ပြုတ်ထားပါ)
ကြက်သွန်ဖြူ ၄မွှာ(နုတ်နုတ်စင်း)
ငရုတ်သီးစိမ်း ၅တောင့်(နုတ်နုတ်စင်း )အစပ်ကြိုက်ပိုထည့်ပါ။
နံနံပင် ၁၅ ပင်ခန့်(နုတ်နုတ်စင်း )
ပုစွန်ခြောက် ၁၅ကောင်ခန့်(ထောင်းထားပါ)
မြေပဲ အနည်းငယ် ( ထောင်းထားပါ)
သံပုရာသီး
မျှင်ငပိ (မီးကင်ထားပါ)
ငံပြာရည်

ပြုလုပ်ပုံ
******
ပဲကြာဇံကိုပြုတ်ပါ။ ရလျှင်ရေဆေး ရေစစ်ထားပါ။ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငပိ၊ အားလူး၊ ပုစွန်ခြောက်၊မြေပဲ၊ ငရုတ်ဆီချက် (ငရုတ်ပုထောင်း(အစိမ်းမှုန့်)ကို ဆီချက်ထားပါ။)

အားလုံးအဆင်သင့်ဖြစ်လျှင် ရောထည့်၍ ငံပြာရည်၊ မကျည်းရည်၊သံပုရာရည်ထည့်၍ ရောနယ်ကာစားလို့ရပါပြီ။

Share:

0 comments:

Post a Comment

Image
Image
Image
Copyright © FOODCLUB13 Design by H.M