Vietnamese Spring Roll
********************
ပါဝင်ပစ္စည်းများ
**********
ကြက်သား(သို့မဟုတ်)၀က်သား အရွယ်တော် ၅ တုံး
ပုဇွန် ၄၀၀ ဂရမ်
မုန့်ဟင်းခါးဖက် ဟင်းစားပန်းကန်လုံး တစ်လုံး
ကော်ပြန့်ရွက် အ၀ိုင်း၂၀
ဆလပ်ရွက် အရွက်၂၀
ခါကြက်ဥ၊ ကြူဆိုင်၊ သခွားသီး ရှည်ရှည်လေးတွေလှီးထား
ပြုလုပ်နည်း
*********
၁။ဝက်သားအတုံးလေးများကို ရေနွေးဆူဆူမှာ ဆားအနည်းငယ်ဖြင့်ကျက်အောင်ပြုတ်ပါ။
ပုဇွန် ကို လည်းပြုတ်ပြီး အခွန်နွှာ သန့်ရှင်းပြီးတ၀က်လေးများခြမ်းထားပါ။
၂။မုန့်ဟင်းခါးဖတ်ကို လည်းစားလို့ရသောအနေအထားရအောင်ပြုတ်ထားပါ။ ဟင်းသီးဟင်းရွက်တွေကိုသန့်စင်အောင်ဆေးကြောပြီးအရှည်လေးများလှီးထားပါ။
၃။ရေနွေးနွေးကို အ၀ကျယ်ဇလုံမှာထည့်ပြီး ကော်ပြန့်ရွက်အခြောက်တစ်ရွက်ကို ထိုရေနွေးထဲခဏထည့်စိမ်ပြီး ရေစွတ်သလိုစွတ်ပြီးပျော့အောင်လုပ်လိုက်ပါမယ်ပန်းကန်ပြားတစ်ချပ်မှာခင်းပြီး အဆာများစီတန်းထည့်ပြီး ကော်ပြန့်လိပ် လိပ်သလိုလိမ့်လိုက်မယ်ဆိုရင် ရပါပြီ။မိမိနှစ်သက်ရာအချဉ်ရည်လေးနဲ့တို့တို့ပြီးတော့စားနိုင်ပါပြီ။
မှတ်ချက်။ ။ ကြော်စားမယ်ဆိုလဲ ကြော်စားနိုင်ပါသည်။
0 comments:
Post a Comment