ဖက်ထုပ်ကော်ပြန့်စိမ်း
***************
ပါဝင်ပစ္စည်း
********
ဆန်ပြား ၅ချပ်(ညှပ်ခေါက်ဆွဲအချပ်)
ကြက်သား ၂၀သား(အရေပြားအရိုးလွတ်)
ဟင်းသီးဟင်းရွက် ၃၀သား(ဂေါ်ဖီ၊မုန်ညင်းထုပ်၊မုန်လာဥနီ/ဖြူ၊နိုကိုဥ ... စသည်မိမိနှစ်သက်ရာ)
ကြက်သွန်မြိတ် ၂ပင်
ကြက်သွန်ဖြူ ၄တက်
သကြား စားပွဲဇွန်း၂ဇွန်း
ကော်မှုန့် စားပွဲဇွန်း၂ဇွန်း
တရုတ်မဆလာ စားပွဲဇွန်း၁/၂ဇွန်း
ပဲငံပြာရည်အပျစ် စားပွဲဇွန်း၁ဇွန်း
ဆီ စားပွဲဇွန်း၂ဇွန်း
ဆား
အသားမှုန့်
ပြုလုပ်နည်း
**********
၁။ ကြက်သားကိုပါးပါးသေးသေးလှီးပြီးဆား၊အသားမှုန့်၊ပဲငံပြာရည်တဝက်ထည့်ပြီးနှံ့အောင်နယ်ပြီးနာရီဝက်ခန့်နှပ်ထားပါ။
၂။ ဟင်းသီးဟင်းရွက်များကိုရေဆေးပြီးရေစစ်သွားရင်အနေတော်အရွယ်လှီးဖြတ်ပါ။ကြက်သွန်ဖြူကိုဓားပြားရိုက်ပြီး နုပ်နုပ်စင်းထားပါ။
၃။ ကော်မှုန့်ကိုရေဆန်ခြင်ခွက်၃/၄နဲ့သကြားပါထည့်ပြီးရောဖျော်ပေးပါ။
၎။ ကြော်မည့်အိုးကဆီပူလာရင်ကြက်သွန်ဖြူကိုဆီသတ်ပါ။ကြက်သွန်ဖြူနွမ်းရင်အသားထည့်ပြီးကြော်ပါ။အနံ့မွှေးလာရင်အသားနူးလောက်ရုံသာရေနွေးထည့်ပြီးအဖုံးအုပ်ချက်ပါ။အသားရကာနီးရင်ဟင်းရွက်များကိုဆား၊အသားမှုန့်နဲ့ကျန်တဲ့ပဲငံပြာရည်ထည့်ပြီးနှံ့အောင်မွှေပြီးကြော်ပါ။
၅။ ဟင်းရွက်များရကာနီးရင်တရုတ်မဆလာနဲ့ကော်ရည်ကိုလောင်းထည့်ပြီးမွှေချက်ပါ။အရသာအနေတော်ပြီးကော်ရည်ဆူရင်ဖက်ထုပ်အတွက်အစာရပါပြီ။
၆။ ဖက်ထုပ်ပေါင်းမည့်ပေါင်းအိုးကရေပွက်ပွက်ဆူကာနီးရင် ဆန်ပြားကိုဗန်းတစ်ချပ်မှာဖြန့်ပြီးအလည်မှာအစာ၅ပုံ၁ပုံကိုထည့်ပြီးအနားလေးဖက်ကိုအစာပေါ်အုပ်ပြီးခေါက်လိုက်ပါ။
၇။ အစာထည့်ပြီးတဲ့ဖက်ထုပ်၅ခုကိုပေါင်းမည့်အိုးကဗန်းမှာစီပြီးထည့်ပါ။ထပ်ပြီးမထည့်ရပါ။ပေါင်းအိုးထဲကရေနွေးဆူဆူမှာတဖက်ကို၂မိနစ်ခန့်နဲ့အားလုံး၎မိနစ်၅မိနစ်လောက်ကြာအောင်ပေါင်းပေးပါ။ ကြက်သားအစားမိမိနှစ်သက်ရာပုစွန်၊ဘဲသား၊ဝက်သားအပြင်သက်သတ်လွတ်လည်းလုပ်စားနိုင်ပါတယ်။ဖက်ထုပ်ကော်ပြန့်စိမ်းကိုမိမိနှစ်သက်ရာအချဉ်ရည်တစ်ခုခုနဲ့တွဲပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။